ဟာသ

တိုက်ဆိုင်လိုက်ပုံများ

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။

ထိုအခါ
မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။"ဂျီးဆပ် ခရစ်"(လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော် ပြန်လေသည် )
ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ
မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်
ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မကုန်မီ...................
အမျိုးသမီးတစ်ဦးမောင်းလာသောကားကို ယာဉ်ထိန်းရဲက ရပ်ခိုင်းလိုက်သည်။
“သတ်မှတ်နှုန်းထက် ပိုမောင်းလို့ ပါခင်ဗျာ”
“ကျွန်မသိပါတယ်။ အခုဟာက ဓာတ်ဆီမကုန်မီ အိမ်ကိုရောက်ချင်လို့ ပါ”
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


ဘယ်မှာနေသလဲ.....................
“ကိုယ်က ဂျင်စတစ်လောက် မချမ်းသာပါဘူး။ ပြီတော့သူ့ လိုရိုလ်ရွိုက်ကား လည်းကိုယ့်မှာမရှိပါဘူး။ ဒါပေမဲ့ မင်းကိုတော့ ကိုယ်တကယ် ချစ်မြတ်နိုး တာပါကွာ”
ထို အခါ အမျိုးသမီးဖြစ်သူက ထိုလူ၏လည်ပင်းကို သာယာစွာဖက်လိုက်ပြီး နားနားကပ်ကာ တိုးတိုးကလေး ပြောလိုက်သည်။
“အဲဒီ ဂျင်စတစ်ဆိုတဲ့ လူက ဘယ်မှာနေတာလဲဟင်”
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး




းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
  ကိုယ်တွေ့အင်တာနက် ဟာသများ



အိမ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော် နှစ်ယောက်ကို အင်တာနက် စက်က တစ်လုံးနဲ့...။ PCကတော့ ကိုယ့် PC နဲ့ ကိုယ်ပေါ့လေ..။ ကျွန်တော် သူငယ်ချင်းရဲ့ PC မှာ ဘာမှ ပြစ်ချက် ကြီးကြီးမားမား မရှိပါဘူး..။ တစ်ခုပဲ....ကီးဘုတ်(KB) ရဲ့ လက်ဝဲဘက် Shift က နည်းနည်း လွတ်ချင်နေတယ်..။ ဒါပါပဲ................။ ဒါပေမဲ့ ဒါက ပြဿနာဖြစ်လာတာပါ..။

သူကလည်း online မှာ chat တယ်ပေါ့ဗျာ...။ အဲဒီမှာ...မန္တလေးက ကောင်မလေးတစ်ယောက်နဲ့ တွေ့တော့.... အင်း..ဒီကောင်မလေး နာမည်က အပြည့်အစုံတော့ ကျွန်တော် မသိဘူး..။ သူကတော့ " မဇင် ၊ မဇင် " ဆိုပြီးရိုက်တယ်ဗျာ...။ သူရဲ့ လက်ကွက်က ကျွန်တော် zaw357@gmail.com ထက်ကောင်းပါတယ်....။ အမှားနည်းပါတယ်...။ ဒါပေမဲ့ chat ချင်ဇောက များနေတော့ စာကို ပြန်မကြည့်မိဘူး ကုန်းရိုက်တယ်ပေါ့ဗျာ.. ။ ဒီမှာ ကီးဘုတ် က ဘယ်ဘက် Shift က လွတ်နေတော့ " မဇင် ၊ မဇင် " ရိုက်လိုက်တိုင်း.. ဟိုဘက်က ကောင်မလေး က ဘယ်လိုဖြစ်မလဲ မသိဘူး..။ ဒီဘက်က ကျွန်တော်တို့တောင်မှ ဟဲ..ဟဲ..တွန့်တွန့်သွားတယ်....။ သူက လည်း ပြီးမှ တွေ့ရင် " ဟာ.." ဆိုပြီးတွန့်တွန့်သွားတာပါပဲ...။
ဟိုဘက်က ကောင်မလေးကလဲ ပြောတယ်..." စာကိုမှန်အောင်ရေးပါ "တဲ့ ။
သူငယ်ချင်းတို့လဲ သိတဲ့ အတိုင်းပဲလေ........။ ကီးဘုတ် ဘယ်ဘက်မှာရှိတဲ့ " Z " ဆိုတာက ဒီအတိုင်းဆိုရင် " ဖ " လေ...။ Shift နဲ့ တွဲပြီး နှိပ်ရင် " ဇ " လေ...။ ဒီမှာ ကျွန်တော့်သူငယ်ချင်းရဲ့ ကီးဘုတ်က ဘယ်ဘက် Shift ကလွတ်နေတော့... ဟိုကောင်မလေး " မဇင် " ကိုလေ ကျွန်တော့် သူငယ်ချင်းက " မ..င် " ဆိုပြီး.. ခေါ်နေမိတာပေါ့ဗျာ....။

သူငယ်ချင်းတို့တွေလည်း.......... KB သော်လည်းကောင်း ၊ mouse သော်လည်းကောင်း လွတ်ခြင်း ၊ မှားခြင်းမှ...
ကင်းဝေးပါစေဗျာ....။

ကိုဇော်                                                                                                                  www.zaw357.net


 ကျွန်တော်လည်းကိုဇော်ကို  ကိုေ..ာ် လို.မှားမရိုက်တော့ဘူးနော်...ကိုဇော်ဆိုဒ်ကိုသွားချင်ရင် ဒီကိုဇော့်ကောင်မလေးကိုကလစ်လိုက်ပါ  
 
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မင်းတို့ သိရဲ့လား......................
နွားသိုးခြံတစ်ခုမှာပေါ့ နွားသိုးသုံးကောင်း ရှိတယ်၊ နွားမက ၁၀၀ ရှိတာ...... နွားသိုးသုံးကောင်းက ခွဲတန်နဲ့ နွားမတွေကိုပိုင်ကြတယ်။ အကြီးကောင်းက ၅၀ ပိုင်တယ်၊ အလတ်ကောင်က ၃၀၊ အငယ်ကောင်က ၂၀ ပေါ့။ တစ်နေ့  မှာခြံရှင်က နွားပေါက်နှုန်းနည်းလို့ ဆိုပြီး နွားသိုးတစ်ကောင်ထပ်ဝယ်တော့........သူတို့ သုံးကောင်တိုင်ပင်တာပေါ့ ။
အကြီးကောင်က စပြီးပြောတယ်....“ငါ့ကတော့ တစ်ကောင်မှမခွဲပေးနိုင်ဘူးကွ..”   အလတ်ကောင်ကလည် “ငါလည်မပေးနိုင်ဘူး” ဒေါသတွေထွက်နေကြတာပေါ့ ၃ ကောင်စလုံး......... ခဏနေတော့ ခြံရှင်ဝယ်လိုက်တဲ့ နွားသိုးအသစ်ရောက်လာရော ၁၀ ဘီးကားကြီနဲ့  ခြံထဲဝင်လာတယ်။ကားပေါ်ကနေ နွားသိုးကြီးလည်းဆင်းလာရော ၁၀ ဘီးကားခေါင်းတောင်ထောင်သွားတယ် နွားသိုးသုံးကောင်လန့် သွားတာပေါ့၊ ဒါနဲ့ အကြီးဆုံးအကောင်က “ငါတော့ ၂၀ကောင်လောက်ခွဲပေးလိုက်တော့မယ်ကွာ၊ အလတ်ကောင်ကလည် အေးငါလေည်း ၁၀ကောင်လောက်တော့ခွဲပေးမှဖြစ်မယ်ကွ”
အငယ်ဆုံးအကောင်က ဘာမှမပြောဘူး နှာမှုတ်လိုက် ခွာယှက်လိုက်ပဲ လုပ်နေတယ်....ဒါနဲ့ အကြီး နှစ်ကောင်ကမေးတာပေါ့ “ဟဲ့ကောင်မင်းလဲ နဲနဲခွဲပေးလိုက်လေကွာ မင်းနာအုံးမယ်” ပေါ့ အငယ်ကောင်ကပြန်ပြောတယ်.........“အေးငါသိတယ်ကွ ငါ့ကို နွားထီးမှန်း သိအောင်ငါလုပ်ပြနေတာ မင်းတို့ သိရဲ့လားတဲ့”

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
တရားမျှတလိုက်ပုံက....................
တစ်ခါကဆိတ်တစ်ကောင်က မောင်အေးရဲ့ ခြံထဲက ဟင်းသီးဟင်းရွက်တွေ စားပြီးဖျက်ဆီးပစ်လို့  မောင်အေးကရိုက်သတ်လိုက် သတဲ့။ အဲ့ဒီတော့ ဆိတ်ပိုင်ရှင်မောင်ခွေးက တင်းပြီးထင်တုံးနဲ့ ပေါက်လိုက်တာ မောင်အေး မိန်းမကိုမှန်ပြီး ကိုယ်ဝန်သုံးလ ပျက်ကျသွားတယ်။ ဒီလိုနဲ့ အချင်းများပြီး ရပ်ကွက်ကောင်စီ တရားရုံးကို ရောက်လာတော့ တရားသူကြီးက အဖြစ်အပျက်အစုံအလင်ကို နားထောင်ပြီး စီရင်ချက်ချလိုက်ပုံက မောင်အေးက မောင်ခွေးရဲ့ဆိတ်ကို သတ်လို့ ဆိတ်တစ်ကောင်ပြန် အစားပေးစေ။ မောင်ခွေးက မောင်အေးမိန်းမ ကိုယ်ဝန်သုံးလ ပျက်ကျအောင်လုပ်လို့  မောင်အေးမိန်းမကို ကိုယ်ဝန်သုံးလ ရှိအောင်ပြန်လုပ်ပေးစေတဲ့။

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လူမှားလို့ ...............................
အလွန်အေးတဲ့ ဆောင်းတမနက်မှာ ကိုရီးယားသားတယောက်ဟာ ထုံစံအတိုင်း နှင်းလျှောစီးဘို့   မိန်းမကိုနှုတ်ဆက်ပြီးထွက်ခဲ့တယ်။ လမ်းရောက်မှ ရာသီဥတုက အရမ်းဆိုးလာတော့ လှည့်ပြန်လာပြီး၊ “အား.........ဒီနေ့  ရာသီဥတုကတော်တော်ဆိုးတာပဲ ”လို့ ပြောပြီးမိန်းမဘေး ပြန်ဝင်အိပ်ချိန်မှာ မိန်းမက လှည့်မကြည့်ပဲ ပြန်ပြောလိုက်ပုံက “ဒါတောင်အိမ်ကကောင်ကြီးက နှင်းလျှောစီးဖို့  သွားသေးတယ်” တဲ့။

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အိုဆေး...................
အမျိုးသမီးတစ်ဦးသည် အိမ်တစ်အိမ်၏ဆင်ဝင်အောက်တွင် လှုပ်ကုလားထိုင်တစ်လုံးဖြင့်ငြိမ့်နေသော လူကောင်သေးသေး အဖိုးအိုတစ်ဦးကို မြင်သဖြင့် စကားသွားပြောသည်။ “ဒီလောက်ပျော်နေတာကို မြင်တော့ဂရုမထားပဲမနေနိုင်တော့လို့ ပါ။ဒီလို ပျော်ပျော်ကြီးအသက်ရှည်ဖို့ လျှို့ ဝှက်ချက် ကဘာပါလဲရှင့်”
“တစ်နေ့ ကိုစီးကရက်(၃)ဘူးသောက်တယ်၊ တစ်ပတ်ကို ဝီစကီတစ်သေတ္တာ ကုန်တယ်၊ အဆီများတဲ့ အစားအသောက်တွေကိုစားပြီး လေ့ကျင့်ခန်း မလုပ်ဘူး”
“အံ့သြစရာပါလား ၊ အသက်ဘယ်လောက်ရှိသွားပြီလဲ”
“နှစ်ဆယ့်ခြောက်နှစ်.....”

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


…လူတစ်ယောက်သည် မျက်စိ အထူးကုဆေးခန်းသို့ သွားကာ
သူ့မျက်စိကို အစစ်ဆေးခံ၏။ မျက်စိဆရာဝန်က ထိုလူကို ထိုင်ခိုင်းပြီး
မျက်စိမြင်နိုင်အားကို စမ်းသပ်သည့် ကဒ်ပြားလေးကို ထောင်ပြ၏။
“ဒီကဒ်ပြားပေါ်က စာတွေကို ဖတ်လို့ရလား” ဟု ဆရာဝန်က မေးသည်။
“မရဘူး ဆရာ” ဟု ထိုလူက ဖြေ၏။
ဆရာဝန်က ရှေ့ကိုတိုးပြီး…
“ အခုဖတ်လို့ ရပြီလား” ဟု ဆို၏။
“မရဘူး ဆရာ”
ဆရာဝန်က ကဒ်ပြားကို ထိုလူနှင့် အနီးဆုံးနေရာသို့ ယူလာပြီး…
“ဒီလောက် နီးနေရင်တော့ ဒီစာတွေကို ခင်ဗျားကောင်းကောင်း ဖတ်လို့ရမှာ သေချာတယ်” ဟုဆို၏။
ထိုလူက… “မရဘူး ဆရာ၊ ကျွန်တော်က စာမှ မတတ်တာ” ဟု ဆိုလေ၏။
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

*** နားလေးသူ… 
 …လူနှစ်ယောက်သည် ရထားတစ်စင်းပေါ်တွင် မျက်နှာချင်းဆိုင်
ထိုင်ခုံတွေပေါ်မှာ ထိုင်နေကြ၏။
…တစ်ယောက်က…
“ကျုပ်နားတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး အခြေအနေဆိုးလာတယ်ဗျာ။
ဒါပေမယ့် ဒီနေ့လောက် ဆိုးတဲ့နေ့ မကြုံဖူးဘူး၊ ကျုပ် ဒီလောက်အထိ
နားလေးမယ်တောင် မထင်ဘူး၊ အခုဆို ကျုပ်နားတွေ ပင်းသွားပြီတောင်
ထင်တယ်ဗျာ၊ အခုပဲ ကြည့်လေ…။ ခင်ဗျား ကျုပ်ကို စကားပြောနေတာ
နာရီဝက်လောက် ရှိနေပြီ၊ ကျုပ်နားက ဘာသံမှ မကြားရတော့ဘူး” ဟု ၀မ်းနည်းစွာ ဆို၏။
…ထိုအခါ ကျန်တစ်ယောက်က…“ကျုပ်လည်း ဘာမှ မပြောမိပါလားဗျာ၊ ပျင်းလို့ ပီကေ ၀ါးနေတာပါ” ဟု ဆို၏။
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
*** ရွှေဥာဏ်တော်စူးပါပေ့…



ဆရာ…“ဂျော့ဝါရှင်တန်ဟာ သူ့အဖေစိုက်ထားတဲ့ ချယ်ရီပင်ကို ပုဆိန်နဲ့
ခုတ်လှဲပစ်ခဲ့တယ်၊ ဒါပေမယ့် သူခုတ်လှဲတာဖြစ်ကြောင်း သူ့အဖေကို
မကွယ်မ၀ှက် ၀န်ခံခဲ့တယ်၊ ကဲ…တပည့်တို့၊ သူ့အဖေက ဘာကြောင့်
သူ့ကို အပြစ်မတင်တာလဲကွယ်”
ဝီလျမ်…“ဂျော့ဝါရှင်တန် လက်ထဲမှ ပုဆိန်ကြီးရှိနေလို့ပါ ဆရာ”
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
*** လျှောက်လဲချက်…


တရားသူကြီး…  “ကဲ…မစ္စဘရောင်… ရုံးတော်ကို အမှန်အတိုင်း ၀န်ခံပါ။
                    ခင်ဗျားဟာ ဘာကြောင့် ခင်ပွန်းဖြစ်သူကို မြှားနဲ့ ပစ်ရတာလဲ”
တရားခံ…       “ကလေးတွေ အိပ်ရာက နိုးကုန်မှာစိုးလို့ သေနတ်ကို
                    မသုံးမိတာပါ တရားသူကြီးရှင့်”

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
 ဆရာကလွဲရင်............

တစ်ခါတုန်းကတိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ဆီကို
လူတစ်ယောက်ဆေးခန်းလာပြပါတယ်။
လူနာ။            ဆရာ ကျွန်တော်အားလပ်ရက်တစ်လရပါတယ်။ အဲဒါ ဒီတစ်လအတွင်း ကျွန်တော်
ကိုယ့်ကိုကိုယ်ကောင်းကောင်းကုစားလို့ ရပါ့မလား သိချင်ပါတယ်။
တိရစ္ဆာန်ဆေးကုဆရာဝန်။            ကျွန်တော် ပြောချင်တာကတော့ ခင်ဗျား မျက်နှာချင်း
ဆိုင်ကဆေးခန်းကို သွားပြရင် ကောင်းမယ်ထင်တယ်။
လူနာ။                   မဟုတ်ပါဘူး ဆရာ။ ကျွန်တော် ဆရာ့ ဆီကိုပဲ လာတာပါ။
တိရစ္ဆာန်ဆေးကုဆရာဝန်။               ဒါပေမယ့် ကျွန်တော် က တိရစ္ဆာန် ဆေးကု ဆရာဝန်ပါ။
လူတွေကိုကျွန်တော် မကု ပါဘူး ခင်ဗျ။
လူနာ။             ကျွန်တော် ဆရာ့ ကိုကောင်းကောင်းသိပါတယ်။ ဒါကြောင့်လဲ ဆရာ့ ဆီကို လာတာပါ။
တိရစ္ဆာန်ဆေးကုဆရာဝန်။          မဖြစ်နိုင်ပါဘူးဗျာ။ ဘာလို့လဲ ဆိုတော့ ခင်ဗျား က
ကျွန်တော့်လို စကားပြောတယ်၊ ကျွန်တော့် လိုတွေးတယ်။ ဒါကြောင့်ခင်ဗျားလည်း
လူပဲ လို့ ကျွန်တော် ထင်ပါတယ်။
လူနာ။        ကျွန်တော် ကိုယ့် ကိုကိုယ် လူဆိုတာ ကောင်းကောင်းသိပါတယ် ဆရာ။
ဒါပေမယ့်ကျွန်တော် ရှင်းပြတာကို ဆရာ နားထောင်ပါဦး။
တိရစ္ဆာန်ဆေးကုဆရာဝန်။              ကောင်းပြီလေ။ ပြောပါဦး။
လူနာ။     ကျွန်တော် ဟာ ခွေးတစ်ကောင်လိုပဲ အလုပ် အကြောင်းစဉ်းစားရင်းနဲ့ အိပ် ပါတယ်။
မနက်ရောက်ရင် မြင်းတစ်ကောင်လို ပဲ ထရပါတယ်။
အလုပ်ကို တော့ သမင် တစ်ကောင်လို ပြေးသွား ရပါတယ်။
အလုပ်ထဲမှာ တော့ တစ်နေကုန် မြည်း တစ်ကောင်လို လုပ် ရပါတယ်။
ပြီးတော့ဆယ့်တစ်လ လုံးလုံး နားရက် မရှိပဲ နွားတစ်ကောင်လို ရုန်းရပါတယ်။
သူဋ္ဌေးရှေ့မှာတော့ အမြဲတမ်း အမြှီးလေးကုပ်ထားရပါတယ်။
အားချိန်လေးများနည်းနည်း ရရင်တော့ မျောက် တစ်ကောင်လို ပဲ သားတွေ
သမီးတွေနဲ့ကစားရပါသေးတယ်။
မိန်းမရှေ့ရောက်ရင်တော့ ယုန်တစ်ကောင်လိုပေါ့ဗျာ။
ဆရာကလွဲရင် ကျွန်တော် ဘယ်သူမှ ကုပေးလို့ ရမှာ မဟုတ်ဖူး။

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

စိတ္တဇဟာသများ (၃)
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။လူနာများသည်
နံပါတ် တစ်ခုကိုအော်ဟစ်နေကြရာဆေးရုံတစ်ခုလုံး ဆူညံနေသည် ..
ဆရာဝန်တစ်ယောက်  ကလူနာများကိုမေးသည်။
“37…………37…………37″
“ဘာလို့ 37  လို့အော်နေရတာလဲ”
လူနာများကအပေါ်ကို လက်ညိုးထိုး  ပြကြတယ်။
အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း
“37……………..37……”
“ဘာလိုအဲဒီလိုအော်နေကြတာလဲ” လူနာများက အပေါ်ကို
လက်ညိုးထိုးပြကြပြန်သည်။အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကိုတက်သွားသည်။
အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။
“ငါကိုပြောကြစမ်းပါအုံး…ဘာလို့37 လို့ အော်နေတာလဲ..”
လူနာများကအောက်ကို လက်ညိုးထိုး  ပြကြတယ်။ ဆရာဝန်လည်း
အောက်ထပ်ကိုငုံ ကြည့် လိုက်တယ်။ အဲဒီမှာ နောက်နားက     လူနာက ဆရာဝန်ကို
လေးထပ်တိုက်ပေါ်ကနေ  ကန်ချလိုက်တယ်။  ပြီးတော့လူနာတွေက  ဆက်ရွတ်ကြတယ်။
“38………….38………… ……38″

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
စိတ္တဇ ဟာသများ (၄)
စိတ္တဇဆေးရုံတစ်ခုဟာလူနာတွေကိုလေယာဉ်နဲ့တင်ဆောင်လာပြီးတော့
အခြားဆေးရုံတစ်ခုကို ပြောင်းပါတယ်။ ဆရာဝန်ကတော့ လေယာဉ်မှုးဘေးမှာထိုင်နေပါတယ်။အဲဒီမှာလေယာဉ်ထဲ ကနေအသံတွေကိုဆူညံနေအောင်ကြားရပါတယ်။ဆရာဝန်ကအရုးခေါင်းဆောင်ကိုဘဲလ်
နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။
“ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ”
“ဘောလုံးကန်နေကြတာပါ ဆရာ”
“ဟာ…..လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆိုတာမသိဘူးလား..သွားစမ်း”
“ဟုတ်ကဲပါဆရာ”
အရုးခေါင်းဆောင်ထွက်သွားလေသည်။
ခဏနေ တော့ဘာသံမှမကြားရတော့။ ဆရာဝန်သည်သဘောကျသွားသည်။ ဘဲလ် နှိပ်ပြီး
အရုးခေါင်ဆောင်ကိုလှမ်းခေါ်လိုက်သည်။
“မင်းဘယ်လိုထိန်းလိုက်တာလဲ…တိတ်ဆိတ်သွားတာပဲ”
“ဆရာဘဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို…..အဲဒါနဲ့ ကျွှန်တော်လည်း
လေယာဉ် တခါးပေါက်ကိုဖွင့်ပေးလိုက်တာအခုသူတို့ အကုန်အောက်ဆင်းပြီးဘောလုံးကန်နေကြပြီ”
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
*** အလောင်းအစား…
…ဂျော်နီ ကျောင်းအသစ်မှာ ကျောင်းတက်ရမှာမို့ သူ့ဖေဖေက ဆရာမကို လိုက်အပ်တယ်။ သားက အလောင်းအစား အလွန်ဝါသနာပါတဲ့အကြောင်းလည်း ဆရာမကို သူက သတိပေးတယ်။ ဆရာမက ကိစ္စမရှိပါဘူး၊ ဒီထက်မကဆိုးတဲ့ ကျောင်းသားတွေကိုတောင် သူကိုင်တွယ်နိုင်ပါတယ်ဆိုပြီး စိတ်ချလက်ချ ထားခဲ့ဖို့ပြောတယ်။
…ညနေကျောင်းဆင်းချိန်ကျတော့ သူ့ဖေဖေက ဂျော်နီကို လာကြိုရင်း အခြေအနေ ဘယ်လိုရှိသလဲလို့ သူ့ဆရာမကို မေးတယ်။
“ကျွန်မ သူ့အလောင်းအစား ၀ါသနာကို ရိုက်ချိုးပစ်လိုက်ပြီ” ဆရာမက ပြောတယ်။ “သူက ကျွန်မတင်ပါးမှာ မှဲ့ကြီးတစ်လုံးရှိတယ်လို့ ငါးဒေါ်လာကြေး အလောင်းအစား ထပ်လာတယ်။ ခုတော့ သူ ရှုံးသွားပြီလေ”
“တောက်…ဒီကောင်ကွာ” ဂျော်နီ့ဖေဖေ အတော် ဒေါကန်သွားပုံရတယ်။
“ဘာဖြစ်လို့လဲရှင့်” ဆရာမ မျက်စိလည်သွားတယ်။
“မနက်က ဒီကောင် ကျုပ်နဲ့  ဒေါ်လာတစ်ရာကြေး အလောင်းအစား လုပ်သွားတယ်လေ။ ဒီနေ့ ဆရာမ တင်ပါးကို သူရအောင် ကြည့်ခဲ့မယ်တဲ့”
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
 ဒုက္ခပေးတဲ့အကောင် 
ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။
အိမ်သာသန့်ရှင်းရေးလုပ်သားနေရာ
သာ လစ်လပ်နေသည်ဖြစ်သဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။ လူငယ်က
သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင်
ကက်ဆက်တစ်ခုထည့်ထားလိုက်သည်။
လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။
ဝန်ကြီးရုံးသို့ ၀န်ကြီးတစ်ဦးရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ
လူငယ်က ၀န်ကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။ အိမ်သာခန်းထဲသို့
ဝန်ကြီးဝင်သွားသောအခါ ကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။ မြန်မာပြည်သိန်းတန်၏ “
ရိုင်းတဲ့စင်ယော်´´သီချင်းသံ ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။ မကြာမီ
အိမ်သာခန်းထဲမှ စောစောက၀န်ကြီးထွက်လာသည်။
“မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပလား´´
“ဒီနေ့ ပထမနေ့ပါခင်ဗျ´´
“အေး မင်းကိုရာထူးတိုးပေးရမယ်´´
မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်၊ အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ်
တွံတေးသိန်းတံ၏ “အသီးတစ်ရာ အညှာတစ်ခု´´ သီချင်းကိုဖွင့်ပေးလိုက်သည်။
ထိုအရာရှိလဲ စိတ်ကျေနပ်မှုရကာရာထူးတိုးအောင် ထောက်ခံပေးမည်ဟု လူငယ်ကို
ကတိပြုသွားသည်။
နောက်တစ်ခါ ရောက်လာသူကား မြန်မာပြည်၏
ယခုလက်ရှိခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်သည်။
“ဒီအနားမှာ အိမ်သာရှိသလားဟေ့´´
လူငယ်ကခေါင်းဆောင်ကြီးကို လိုက်ပို့သည်၊ ထို့နောက်
“နိုင်ငံတော်သီချင်း´´(ကမ္ဘာမကြေ)
သီချင်းကိုဖွင့်ပေးလိုက်သည်။
အတန်ကြာသောအခါ အိမ်သာခန်းထဲမှ မျက်ထောက်ကြီးနီပြီး ခေါင်းဆောင်ကြီးထွက်လာသည်။
“မင်ဒီမှာ လုပ်နေတာကြာပြီလား´´
“ပထမနေ့ပါခင်ဗျာ´´
“အေး- ပထမနေ့နဲ့နောက်ဆုံးနေ့ပဲ မှတ်လိုက်ပေတော့´´
“ဘာဖြစလို့လဲခင်ဗျာ၊ ကျွန်တော်ဘာများမှားတာလုပ်မိပါလို့လဲ ခင်ဗျာ´´
“ငါ့တစ်သက်မှာ ဒီတစ်ခါပဲ မတ်တပ်ရပ်ပြီး ကျင်ကြီးစွန့်ရလို့ဟေ့´´
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဘာထင်လို့လဲဟင်
ရန်ကုန်မြို့လည် လူစဉ်ကားသောကားဂိတ်တစ်ခုတွင်ဖြစ်သည်။
အဘိုးကြီးတစ်ဦး ဟောင်ဖွာဟောင်ဖွာဖြင့်အော်နေသည်။
“ဘာအရည်အချင်းမှမရှိပဲ ထိုင်ခုံပေါ်တက်ထိုင်နေတယ်၊ ထိုင်နေတာလဲ
ဘယ်လောက်တောင်ကြာနေပြီလဲ။ အလကားလူ၊ ကိုယ့်ဘာသာဘာကိုမှလဲ မဆုံးဖြတ်ဘူး။
နောက်လိုက်တွေရှိနေပြီး နောက်လိုက်ကောင်တွေကလဲ အလကားကောင်တွေပဲ´´
ထိုစဉ် အဆိုပါအဘိုးကြီးနား မာဖီ(အရပ်ဝတ်ဖြင့်) ရဲသားနှစ်ဦးကပ်လာပြီး
အဘိုးကြီးကိုမေးသည်။
“အဘိုးကြီး ခင်ဗျားဘယ်သူ့ကိုပြောနေတာလဲ´´
“ဘယ်သူဖြစ်ရမလဲ ဒီလိုင်းကားမောင်းတဲ့ဒရိုင်ဘာကိုပြောတာပေါ့´´
ရဲသားနှစ်ဦး ပြန်လှည့်ထွက်သွားသည်။
မကြာမီ ခုနကအဘိုးကြီး ကမျောကသောဖြင့် ရဲနှစ်ဦးနောက်သို့လိုက်လာပြီး
အမောတကောမေးသည်။
“မောင်ရင်တို့က ဘယ်သူ့ကိုပြောတယ်ထင်လို့လဲဟင်´´
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး သတင်းစာများများဖတ်
သတင်းစာရှင်းလင်းပွဲတွင်ဖြစ်သည်။
တာဝန်ရှိအရာရှိတစ်ဦးမှ မီဒီယာများအား ငါးနှစ်စီမံကိန်း အကောင်အထည်ဖော်မှု
အခြေအနေကို ရှင်းပြနေသည်။
“ငါးနှစ်စီမံကိန်းမှာ လျာထားတဲ့အတိုင်း (—– )မြို့မှာ
လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခုကို အောင်မြင်စွာ ဆောက်လုပ်ပြီးစီးသွားပြီ´´
စာနယ်ဇင်းထဲမှ တစ်ယောက်က ထပြောသည်။
“အဲ့ဒီမြို့ကနေ မနေ့ကပဲ ကျွန်တော်ပြန်လာခဲ့တယ်၊ ဘာဓါတ်အားပေးစက်ရုံမှမရှိဘူး´´
အရာရှိက ဆက်ပြောသည်။
“(—–)မြို့မှာ ဓါတ်မြေသြဇာ စက်ရုံတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်´´
(စောစောပိုင်းက ထပြောသူကပင်ပြောသည်)
“မကြာမီက အဲ့ဒီမြို့ကိုရောက်ခဲ့သားပဲ၊ စက်ရုံနဲ့တူတာတောင် မတွေ့ခဲ့ပါဘူး´´
အရာရှိက စိတ်တိုစွာဖြင့်ပြောသည်။
“ဒီမယ် ခင်ဗျား ဟိုဟိုဒီဒီလျှောက်သွားနေမယ့်အစား သတင်းစာများများဖတ်သင့်တယ်´´

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
*** သေချာပြီ…



…အိမ်တံခါးကို လာခေါက်သံကြောင့် မစ္စဖာဖာက တံခါးဖွင့်လိုက်ရာ
လူငယ်လေးတစ်ယောက်က တံခါးဝမှာ ရပ်လျက်…
“ဒေါ်ဒေါ်က မုဆိုးမကြီးဖာဖာ ပါလားခင်ဗျာ”
“အေး…ဒေါ်ဒေါ်နာမည်က မစ္စဖာဖာပါပဲ၊ ဒါပေမယ့် မုဆိုးမတော့ မဟုတ်ဘူးကွဲ့”
“ဒါဆိုတော့ ဒေါ်ဒေါ်မုဆိုးမဖြစ်တာ သေချာပြီ။ အခုမစ္စတာဖာဖာရဲ့ အလောင်းကို
ကျွန်တော်တို့လာပို့တာပါ”
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
*** သူ့အကြံ…

…ဟောလိဝုဒ် ဇာတ်ရံနှစ်ယောက်သည် ဘားဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး
အရက်သောက်နေရာ….
တစ်ယောက်က
“ငါပြန်မှ ဖြစ်မယ်ကွာ၊ ငါ့သွားတွေ အရမ်းကိုက်နေတယ်၊ သွား ဆရာဝန်ဆီသွားပြီး…
ဆေးထည့်ခိုင်းမယ်၊ နုတ်သင့်လည်း နုတ်ခိုင်းရတော့မှာပဲ”
…ကျန်တစ်ယောက်က…
“အဓိပ္ပါယ်မရှိတာကွာ၊ မနေ့ကဆို…ငါလည်း သွားကိုက်တာပဲ၊ ဒါနဲ့
ငါအိမ်ပြန်ပြေးပြီး ငါ့မိန်းမကို မွှေးမွှေးပေးပစ်လိုက်တာ… တစ်ခါထဲ
သွားကိုက်တာပါ ပျောက်သွားရော၊ မင်းလည်း ငါ့လို လုပ်ကြည့်ပေါ့”
“မင်းအကြံ ကောင်းတယ်ကွာ၊  မင်းမိန်းမဆီ ဖုန်းဆက်ထားပေးကွာ…
ငါ အခုချက်ချင်း လာခဲ့မယ်လို့ ပြောလိုက်”.
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
*** ဗိုက်ထဲမှာ…
…ဥယျာဉ်ထဲမှာ တစ်ခုခုကို မြေဖို့နေတဲ့ မေရီကို ဂျော်နီ မြင်သွားတယ်၊ မျက်လုံးတွေမို့ပြီး ငိုထားတဲ့ပုံပေါက်နေတဲ့ မေရီကို စူးစမ်းချင်စိတ်နဲ့ သူမေးကြည့်တယ်။
“ဘာလုပ်နေတာလဲ မေရီ”
“ငါ့ရွှေငါးလေး သေသွားလို့ သူ့ကို မြေမြုပ်နေတာ” မေရီက မော့မကြည့်ဘဲနဲ့ ပြောတယ်။
“အို ဟုတ်လား၊ ရွှေငါးလေးကို မြေမြုပ်တာ ကျင်းက အကြီးကြီးပါလား” ဂျော်နီ့အသံက ဂရုဏာသံနဲ့ အံ့သြဟန် ရောစွက်နေတယ်။
“ဟုတ်တယ်၊ ငါ့ရွှေငါးက နင်ကြောင်ရဲ့ ဗိုက်ထဲမှာလေ” မေရီက နောက်ဆုံး မြေကြီးတစ်ဆုပ်ကို ဖို့ရင်း ဖြေလိုက်တယ်။
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
 တရားခံတွေ့ပြီ
ရန်ကုန်မြို့ ၊ မြို့နယ်တစ်ခု၏ ရဲစခန်းတစ်ခုတွင် ဖြစ်သည်။ စခန်းထဲသို့
ဒုရဲအုပ်ဝင်လာသည်။ လူတစ်ယောက်ကို ရဲသားများရိုက်စစ်နေသည်ကို တွေ့သည်နှင့်
မေးသည်။
“ဟေ့ ဒီလူ့ကို ဘာဖြစ်လို့ရိုက်နေရတာလဲကွ´´
“သူဘယ်မှာနေသလဲဆိုတာကို ကျွန်တော်တို့မေးတယ်၊ သူကဖြေတယ်၊
သူပြောတဲ့လိပ်စာအတိုင်း ကျွန်တော်တို့ သွားကြည့်တယ်၊ ရောက်တော့ သူဒီမှာ
မနေပါဘူးလို့ လေးအခန်းက လူကပြောတယ်၊ နောက်မလိမ်ရဲအောင် ဆုံးမတာပါ´´
“အေး အေး၊ ဒီလိုဆိုရင် ဆက်ပြီး ဆုံးမလိုက်ကြ´´
ထိုသို့ပြောပြီး ဒုရဲအုပ်ထွက်သွားသည်။ မကြာမီစခန်းသို့
၇ဲအုပ်တစ်ယောက်ရောက်လာသည်။ စောစောက ဒုရဲအုပ်ကဲ့သို့ပင် မေးသည်။ ရဲသားများကလည်း
စောစောကအတိုင်း ဖြေသည်။
“အေး အေး၊ ဒီလိုဆိုရင် ဆက်ဆုံးမလိုက်ကြ´´ ဟု ပြောပြီး ပြန်ထွက်သွားသည်။
မကြာမီ ရဲမှူးကြီးရောက်လာသည်။ ယခင်ကအတိုင်းမေးရာ ရဲသားများက
ယခင်ကအတိုင်းဖြေသည်။
“ဒီလောက်ဆို တော်လောက်ပါပြီ၊ သူ့ကိုပြန်လွှတ်လိုက်၊ တော်တော်ကြာ အသက်ပါ
ထွက်သွားနေဦးမယ်´´
အရိုက်ခံယောက်ျားသည် ဒဏ်ရာဒဏ်ချက်များဖြင့် အိမ်သို့ပြန်လာသည်၊ မိမိ၏အခန်းကို
သော့ဖွင့်အ၀င်တွင် ဘေးခန်းမှ လူထွက်လာပြီး လှမ်းပြောသည်။
“ဟေ့လူ၊ ခင်ဗျားကျုပ်ကို အရက်တိုက်ရမယ်ဗျ´´
“ဘာဖြစ်လို့တိုက်ရမှာလဲ´´
“ရဲသားတွေလာပြီးမေးတယ်၊ ခင်ဗျားဒီမှာ နေသလားတဲ့၊ အဲ့ဒါမနေဘူးလို့
ကျုပ်ကဖြေလိုက်တယ်။´´

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကုန်ပြီ
“ဒီမိုကရေစီရရင် ခိုးတာဝှက်တာ ရှိဦးမလား´´
“ဟင့်အင်း၊ အဲဒီမတိုင်ခင် အဆင့်ထဲက ခိုးလို့ကုန်ပြီ´
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မောင်လင်းငယ်ရေးသောဟာသ 

ပန်းချီ ပညာရှင်တစ်ယောက်က ပြသထားတဲ့ သူမရဲ့ ပန်းချီကားတွေ စိတ်ဝင်းစားမူ ရှိပါသလား လို့ ပြခန်း ပိုင်ရှင်ကို မေးပါတယ်။
“ရှိပါတယ်။ ကျွန်တော့်မှာ ခင်ဗျာအတွက် သတင်းကောင်းနဲ့ သတင်းဆိုး ပြောစရာရှိပါတယ်။” လို့ ပြခန်း ပိုင်ရှင်က တုံပြန်ပါတယ်။ “သတင်းကောင်းက လူကြီးလူကောင်းတစ်ယောက်က ခင်ဗျာ့ အလုပ်ကို သတိထားမိပြီး ခင်ဗျာ သေသွားပြီးရင် အဖိုးတန်လိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ကျွန်တော်ကလည်း အဖိုးတန်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ဒါကြောင့် သူက ခင်ဗျားရဲ့ ပန်းချီကားချပ် (၁၀) ချပ်လုံးကို ၀ယ်သွားခဲ့ပါတယ်။

ပန်းချီပညာရှင်က ထပ်ပြောပါတယ်။
“ကောင်းလိုက်တာ။ ဒါနဲ့ သတင်းဆိုးက ဘာများလဲ။”
“အဲဒီ လူကြီးလူကောင်းက ခင်ဗျားရဲ့ ဆရာဝန်မို့လို့ပါ။”
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
 သနားစရာအဖြေလွှာ

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 ကျွန်တော့်အဖေပါ
မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-

‘‘ ကျွန်တော့်သားကိုခွင့်ပေးဖို့ ခွင့်တိုင်တာပါ။’’
‘‘ ခု ဖုန်းဆက်တာဘယ်သူလဲ’’
‘‘ ကျွန်...ကျွန်..ကျွန်တော့် အဖေပါ ဆရာကြီး။’’
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မှန်တော့မှန်ပါရဲ့




‘‘ နာမ် ’’တစ်ခုကိုပြောပါ။
‘‘ နွား ’’ ပါဆရာ။
‘‘ မှန်တယ်၊ ကဲ...နောက်တစ်ယောက်ပြောပါဦး။’’
‘‘ နောက်ထပ်နွားတစ်ကောင်ပါခင်ဗျ။’’




းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

No comments:

Post a Comment