ဝတ္တုတိုနှင့်စာစု
































































































မှတ်စုတို

 (၁) ငါမင်းကို အရမ်းလွမ်းတယ် ချစ်သူ။ ငါ့ဘေးနားမှာလူတွေအများကြီးပဲရှိတယ်။ ဒါပေမဲ့ ငါဟာ အထီးကျန်နေဆဲပဲ ချစ်သူ။
      မင်းရဲ့ နှုတ်ခမ်း၊ မင်းရဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို လွမ်းနေမိတယ်ချစ်သူ။
      တစ်နေ့ထက် တစ်နေ့ မင်းကိုပိုပြီးလွမ်းနေမိတယ် ချစ်သူ...

(၂) တစ်ချိန်ချိန်မှာ ချစ်သူက မချစ်နိုင်တော့ဘူးဆိုရင်နောက်ဆုတ်ပေးနိုင်ပါ့မလား။ ငါကတော့ နောက်ဆုတ်ပေးလိုက်မယ်။ မချစ်လို့တော့ မဟုတ်ဘူး။ ချစ်လွန်းလို့ မင်းကို
     စိတ်ညစ်အောင် မလုပ်ချင်လို့ပါ ချစ်သူ...

(၃) မင်းရဲ့ နှလုံးသားဟာ အကျဉ်းထောင်ဆိုခဲ့ရင် ငါ့နှလုံးသားကိုတစ်သက်တစ်ကျွန်း အကျခံလိုက်မယ်...

(၄) တစ်နေ့မှာ မင်းငါ့ကိုမေးလိမ့်မယ်။ မင်းနဲ့ ငါ့ဘ၀ဘယ်ဟာပိုအရေးကြီးလဲလို့။ ငါဖြေမှာက ငါ့ဘ၀က ပိုအရေးကြီးတယ်လို့။
     အဲဒီအခါကျရင် မင်းဟာ ငါ့ဘ၀ပဲဆိုတာကို နားမလည်ဘဲ ငါ့ဘေးနားကထွက်ခွာသွားလိမ့်မယ်...

(၅) The shortest word for me is " I ",
     The sweetest word for me is " Love ",
     The only word for me is " You ".
(၆) မင်းဟာ ငါ့ရဲ့နေ့ခင်းမှာ နေမင်းပါ။ မင်းဟာ ငါ့ရဲ့ ကောင်းကင်ကလေပြေညှင်းပါ။
      မင်းဟာ ငါ့ရဲ့ သမုဒ္ဒရာမှာ ရေလှိုင်းပါ။ မင်းဟာငါ့နှလုံးသာရဲ့ စည်းချက်သံပါ ချစ်သူ...

(၇) လူတိုင်းလူတိုင်းဟာ သူတို့ချစ်သူတွေ အတွက်ဆိုရင် သူရဲကောင်းပဲ။ ငါလည်း မင်းရဲ့ သူရဲကောင်းဖြစ်ချင်နေခဲ့တာလေ။

(၈) A B C D E F G H I J K L M N O P Q R S T V W X Y Z.
    Oaps!! I Miss "U".

(၉) မင်းကို ငါ့ထက် ပိုချစ်နိုင်မယ့်သူရှိရင် အချိန်မရွေး စွန့်ခွာသွားနိုင်ပါတယ် ချစ်သူ။

(၁၀) ငါနဲ့ မင်းက မိုင်ပေါင်းရာချီကွာဝေးနေပေမယ့် တစ်နေ့မှာနီးစပ်ခဲ့ကြတာပဲ။ နဂိုအတိုင်း ပြန်လည်ဝေးကွာသွားရင်
        ငါရော မင်းရော  ခံနိုင်ရည် ရှိကြမှာ မဟုတ်ဘူး။ အဲဒီတော့ ဘာလုပ်သင့်လဲ ချစ်သူ။

(၁၁) ငါနဲ့မင်း ဘ၀တစ်ခုကိုတည်ဆောက်တော့မယ်ဆိုရင် အချစ်တစ်ခုတည်းနဲ့တော့ပျော်ရွင်တဲ့ဘ၀တစ်ခုကို
       မတည်ဆောက်နိုင်ဘူးလို့ ငါထင်တယ်။ငွေနဲ့ အလုပ်အကိုင်ဆိုတာ ဘ၀ကိုအဓိကတည့်မတ်ပေးတယ်ဆိုတာကို
       မင်းနားလည်ပေးပါချစ်သူ။

(၁၂) ငါမှာ ပညာလည်း မပြည့်စုံပါဘူး။ ငွေကြေးလည်း မပြည့်စုံဘူး။ အရာရာတိုင်း မပြည့်စုံပါဘူးချစ်သူ။
        ငါ့မှာ ချမ်းသာတာဆိုလို့ မင်းကိုချစ်တဲ့ အချစ်တွေပဲရှိတယ်။

(၁၃) ငါဟာ အရာရာမှာ ပထမဆုံးလုပ်ရမှ ကျေနပ်တဲ့ကောင်လေးပါ။ ဒါပေမဲ့ မင်းနဲ့ချစ်ခဲ့မိတော့မှ
        ဒုတိယတို့၊ တတိယတို့ကို ငါလက်ခံနိုင်ခဲ့တယ်။ ဘာကြောင့် ငါဟာ မင်းနဲ့ကျမှ ရှုံးနိမ့်ခဲ့ရတာလဲ။
        အဲဒီမေးခွန်းကို ငါဘယ်တော့မှလည်းဖြေနိုင်မှာ မဟုတ်တော့ဘူ။
(၁၄) အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း၊ ငါတို့စိတ်တွေ မပြောင်းလဲဖို့အရေးကြီးတယ် ချစ်သူ။
        ဘယ်သူတွေ ဘာပဲပြောပြော၊ ငါတို့တွေ စိတ်ဝမ်းမကွဲဖို့ လိုတယ်။
        ဘာတွေပဲ ဖြစ်နေဖြစ်နေ၊ မင်းကို ငါအမြဲချစ်နေတယ်။

(၁၅) မင်းငါ့ကို ဆိုးပါ၊ နွဲ့ပါ၊ စိတ်ကောက်ပါ၊ သ၀န်တိုပါ၊ ရိုက်ပါ၊မင်းဘာလုပ်လုပ် ငါလိုက်လျောမှာပါ်၊
      ဒါပေမယ့် ငါ့အတွက်တော့ မင်းရဲ့ မျက်ရည်တွေကို သုံးမပစ်ပါနဲ့။ ငါက ငိုတာကို အရမ်းမုန်းတယ်။ ဒါပေမယ့် မင်းငိုရင်တော့ ပိုခံစားရလို့ပါ ချစ်သူ။
(၁၆) မင်းကို ငါဘာကြောင့် ချစ်ခဲ့သလဲလို့ မေးလိုက်ရင် ငါဖြေရတာ ခက်တယ်ချစ်သူ။
       ဘာကြောင့်လဲ ဆိုတော့ မင်းကို အကြောင်းပြချက်မရှိ ချစ်ခဲ့မိတာကိုး။

(၁၇) ညမီးအိမ်က ပြောဘူးတယ်။ အချစ်ဆိုတာ ပေးဆပ်မှု၊ နားလည်မှု၊ ခွင့်လွှတ်မှုတို့နဲ့ ပေါင်းစပ်ထားတာတဲ့။

(၁၈) လွမ်းအောင်တော့ မထားခဲ့ပါနဲ့ကွာ။ မင်းအတွက်ဆိုရင် စေညွန်းရာ ပျံဝဲမဲ့ လိပ်ပြာလေးပါ။

(၁၉) မောင်နှမကြားမှာ ရှိတဲ့သံယောဇဉ်၊ သူငယ်ချင်းကြားမှာ ထားတဲ့သံယောဇဉ်၊ချစ်သူကြားမှာ ရှိတဲ့သံယောဇဉ်နဲ့
မင်းကိုချစ်နေတာပါ။အသဲနှစ်လွှာကြားမှာ မင်းတစ်ယောက်ပဲ ထားပါတယ်ချစ်သူ။

(၂၀)ခမ်းနားခြင်းတွေကင်းမဲ့....နွေးထွေးတဲ့လက်အစုံကိုခပ်ရဲရဲဆုပ်ကိုင်လာတော့အားအင်တွေရှိလာလိုက်တာ။
      အရိုးသားဆုံးနဲ့ လမ်းတွေအတူတူလျှောက်ကြမယ်လို့ ဆိုခဲ့တဲ့ စကားတခွန်းမှာ.... နှလုံးသားတွေ ငိုင်ကျသွားလောက်အောင် မေတ္တာသက်ဝင်တယ်။

(၂၁) ကမ္ဘာမှာ ကျော်ကြားခဲ့ကြတဲ့ အချစ်သူရဲကောင်းတွေကိုငါလေးစားတယ်။ဂုဏ်ရောင်အရှိန်အ၀ါ
      လင်းလက်တောက်ပခြင်း ကင်းစွာနဲ့ ချစ်သူကို ချစ်နိင်ခဲ့ကြတဲ့အပြင် သူတို့ ချစ်ခြင်းတွေဟာ မငြိမ်းသော ဆီမီးတွေလို အမြဲတမ်း  ထွန်းတောက်နေခဲ့တယ်။

(၂၂) ကြယ်တွေစုံညီလင်းလက်တဲ့ ညလေးတစ်ညမှာ အချစ်ဆိုတာ စတင်မွေးဖွားခဲ့တယ်။ဖြူစင်တဲ့ ရင်ခုန်ခြင်းတွေကို စတင်အခြေခံလို့ပေါ့။ ခိုင်မြဲတဲ့မေတ္တာတွေနဲ့
တည်ဆောက်ထားလို့  နတ်စည်းစိမ်နဲ့တောင်မလဲပစ်နိုင်ပါဘူး။
အဲဒီအချစ်တွေက  သလင်းကျောက်လို အေးမြကြည်လင်တဲ့ ကြည်နူးမှု့တွေပါပေးတယ်။ ဒါကြောင့် ရမ္မက်မီးလို ပူလောင်ခြင်းကင်းတယ်ဆိုတာအသေအချာ ပြောရဲတယ်။

(၂၃) အချစ်ရာသီ  စက်ဝိုင်းအောက်မှာ အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရှိတယ်။  ရိသဲ့သဲ့ စကားလေးတွေနဲ့
       စတင်စုံစည်းခဲ့ကြလို့မတည့်အတူနေလေးတွေပေါ့။ `ကို´လို့ခေါ်ရင် တဟေဟေနဲ့ မကြားချင်ယောင်ဆောင်တတ်တဲ့သူ့ကို အမြဲစိတ်ဆိုးရတယ်။
      ဒါပေမဲ့ မာန်မာနကင်းစင်တဲ့ သူ့မျက်နှာ မြင်နေရတော့ စိတ်မဆိုးရက်ပြန်ဘူး။ အခက်အခဲတွေကို ကျော်လွှားပြီး အသည်းနင့်အောင်
      ချစ်ခဲ့ရလို့ `ချစ်လေး´လို့ ခေါ်လိုက်တိုင်း စိတ်ဆိုးပြေခဲ့ရတာကြီးပဲ။

(၂၄) မင်းကို ချစ်မိလို့ ကို့ ရင်ခွင်မှာ တစိမ့်စိမ့်နာကျင်နေမယ်ဆိုရင်တောင် အဲဒီ ဒဏ်ရာကို ကိုသေတဲ့ အထိ မြတ်မြတ်နိုးနိုးနဲ့ ခံယူသွားမှာပါ။

(၂၅) အချစ်ဆိုတာ အနုပညာတစ်မျိုး၊ ခွင့်လွှတ်ခြင်းက အချစ်ရဲ့ကျောရိုး။

(၂၆) အချစ်ဆိုတာ ချစ်နေဖို့ သက်သက်ပါ။ ချစ်နေရင်ပဲ အချစ်ဟာ လုံလောက်ပါတယ်။

(၂၇) အချစ်မရှိတဲ့ သူဟာ မချစ်ဘူးသေးလို့ပါ။

(၂၈) အချစ်နဲ့ ရမ္မက်ဆိုတာ တခြားစီပါပဲ။ အချစ်ဆိုတာက ပေးဆပ်ခြင်း၊ ရမ္မက်ဆိုတာက လိုအပ်ခြင်း။

(၂၉) လူတိုင်းမှာ ရည်မှန်းချက်တစ်ခုစီ အနည်းဆုံးရှိတယ်။ ဒါပေမဲ့ ငါ့ရည်မှန်းချက်တိုင်းမှာ မင်းအတွက် စဉ်းစားပေးတာတွေ အများကြီးပါတယ်။

(၃၀) အခြေအနေ တစ်ခုရောက်ဖို့ နှစ်ယောက်အတူတူ ကြိုးစားရင် ပိုမမြန်နိုင်ဘူးလား။

(၃၁) နှင်းဆီပန်းတိုင်း ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လိုကိုင်တွယ်ရမလဲ 
 ဆိုတာကိုပဲသင်ယူပါ။    လူတိုင်းမှာလည်း မာနကိုယ်စီ ရှိကြပါတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောပါနဲ့။




























































































မိန်းမများကိုအန်စေတတ်သောယောက်ကျား(အိမ်မက်ချစ်သူ)
၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား
၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား
၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်သော ယောက်ျား
၉. အာပုပ်စော်နံသော ယောက်ျား
၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား
၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား
၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်သော ယောက်ျား
၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား
၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား
၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား
၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျား
၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား
၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား
၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား
၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား
၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား
၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား
၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား
၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား
၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား
၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား
၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား
၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား
၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား
၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီ (sexy)လုပ်ချင်သော ယောက်ျား
၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား
၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား
















































































ယောက်ကျားများအန်စေတတ်သောမိန်းမ(အိမ်မက်ချစ်သူ)
၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ
၂၂. အပြောအဆို မတတ်သော မိန်းမ
၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ
၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ
၂၅. အချိန်းအတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ
၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ
၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ
































































ဘာလဲ အချစ်ဆိုတာ
ပင်လယ်ကို အရမ်းချစ်တဲ့လူတစ်ယောက်ကအားတိုင်း မကြာခဏဆိုသလိုပင်လယ်ပြင်ကိုသွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကိုကြည့်ပြီး စကားတွေပြောနေတတ်တယ်။
တစ်နေ့တော့သူကပင်လယ်ကို ကြည့်ပြီး "ပင်လယ်...ငါမှာဖြင့်နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကိုအချစ်နည်းနည်းပေးပါ ပင်လယ်...
 ငါလာတိုင်း ငြိမ်ပြီးနေမပြပါနဲ့"လို့ပြောတော့ .......
ပင်လယ်က ခဏလောက်တွေဝေသွားပြီး....."ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ "ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား" ....
"ဟုတ်တယ်... နင့်အချစ်တွေငါ့ကိုမြန်မြန်ပေးပါ"  "ဒါပေမယ့်... နင်ခံနိုင်ရည် ရှိပါ့မလား" "ဒါပေမယ့်တွေလုပ်မနေပါနဲ့တော့...နင့်အချစ်ကို ငါစောင့်နေတယ်"
ပင်လယ်ကအဝေးကနေလှိုင်းထပြီးသူ့ဆီကိုတဖြည်းဖြည်းချည်းကပ်လာခဲ့တယ်။ လှိုင်းတွေကမ်းခြေကိုမရောက်ခင်မှာဘဲသူဟာလန့်ပြီးထွက်ပြေးသွားခဲ့တယ်။
 ပင်လယ်ကစိတ်ထိခိုက်ပြီးကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီးမျက်ရည်တွေကျနေခဲ့မိတယ်။
အဲဒီအဖြစ်အပျက်ကိုတိမ်ကမြင်လိုက်တယ် အဲဒီလိုနဲ့အချိန်တွေတရွေ့ရွေ့ကုန်သွားခဲ့တယ်။
ပင်လယ်ကို ချစ်တဲ့လူနောက်တစ်ယောက်ထပ်ရောက်လာခဲ့တယ်။ သူလည်းပင်လယ်ကိုအရမ်းချစ်ပြီးပင်လယ်ဘေးမှာပဲသူ့အချိန်တွေကိုကုန်စေခဲ့တယ်။
တစ်နေ့မှာသူလည်းဟိုအရင်ကတစ်ယောက်လိုပဲပင်လယ်ကိုပြောခဲ့တယ်။ "ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ"ပင်လယ်က တစ်ခါခံထားရဖူးတော့အချစ်ကိုသက်သေပြ
ရမှာ ကြောက်နေခဲ့တယ်။သူကလည်းပင်လယ်ကိုအချစ်တွေပေးပါ..ပေးပါလို့မကြာခဏ
 တောင်းဆိုနေတော့နောက်ဆုံးမှာပင်လယ်က " ငါ့အချစ်တွေကိုနင်တကယ်ယူမလား...ငါ့အချစ်ကပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား"
အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူကရင်ကိုဖွင့်ပြီးယုံကြည်မှုအပြည့်နဲ့ " လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ"လို့ ပြောတယ်။
ပင်လယ်ကအဝေးကနေလှိုင်းတွေထပြီးသူ့ဆီကိုတဖြည်းဖြည်းချည်းကပ်သွားတယ်။ လှိုင်းတွေကမ်းနားရောက်လာပြီဆိုရင်ပဲသူဟာလှိုင်းတွေကို
အားပါးတရပွေ့ဖက်လိုက်တော့တယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ " သူဟာအချစ်ကိုနားလည်တဲ့လူပဲ။
အချစ်စစ်အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေလူကိုမထိခိုက် မနာကျင်စေဘူးလေ" လို့ တစ်ကိုယ်တည်းပြောနေတော့တယ်။
အဲဒီလိုနဲ့ပင်လယ်ချစ်သူကပင်လယ်နဲ့အတူတူနေလာတာကြာတော့တစ်နေ့မှာသူက"ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်ကငြိမ်လိုက်....လှိုင်းထလိုက်၊
 လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့တစ်ခြားအပြောင်းအလဲလေးတောင် မရှိတော့ဘူးလား... ငါသွားတော့မယ်" ဆိုပြီး ပင်လယ်ကိုထားရစ်ခဲ့ပြန်တယ်
 ပင်လယ်ကအရမ်း စိတ်ထိခိုက်ပေမယ့်လည်းသူ့ကိုမတားဖြစ်ခဲ့ဘူး။
ဒါကိုတိမ်ကမြင်လိုက်တယ်။သူလည်းပင်လယ်ကိုချစ်တယ်ဆိုပြီးစွန့်သွားခဲ့ပြန်ပြီပေါ့လား..." မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့ မထိုက်တန်ပါဘူး...ငါသိတယ်"
 တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။" နင့်သိတယ်..နင်ဘာကို သိတာလဲ" ပင်လယ်ကတအံ့တသြ ပြန်မေးတယ်။
"သူတို့ကနင့်ရဲ့အပေါ်ယံကိုပဲကြည့်ပြီးချစ်ခဲ့ကြတာ...နင့်ရဲ့အတွင်းစိတ်ကိုချစ်ဖို့နားမလည်ခဲ့ကြဘူး။
တကယ်လို့သူတို့ကနင့်ကို နားလည်မယ်၊တကယ်ချစ်တတ်ခဲ့မယ်ဆိုရင် ပင်လယ်အောက်မှာရှုမငြီးတဲ့အဖိုးတန်ရှုခင်း တွေဟာ
သူတို့အတွက်နင်ဖန်တီးထားတယ်ဆိုတာကိုသူတို့ခံစားကြရမှာပေါ့" တစ်ချိန်တုန်းကကိုယ်ဟာလူတွေမချစ်တတ်ခဲ့တဲ့ပင်လယ်လား.? ဒါမှမဟုတ်ပင်လယ်ကိုမချစ်တတ်ခဲ့တဲ့ လူလား..?
ပင်လယ်ဖြစ်ခဲ့မယ်ဆိုရင်အနည်းဆုံးတော့ကိုယ့်မှာလူတွေမခံစားခဲ့ရတဲ့လှပတဲ့ အတွင်းစိတ်တွေရှိမယ်။ ပင်လယ်ကို မချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင်ပင်လယ် အောက် (အတွင်းစိတ်)က ရှုခင်းတွေကို
ကြည့်ဖို့ကိုယ်မထိုက်ခဲ့လို့ပဲ။အချစ်ဆိုတာ ဒီလိုပဲလား....?အချစ်စစ်ကိုရှာတွေ့ဖို့ကိုယ့်ကိုနားလည်ပေးတတ်တဲ့လူကိုရှာရမယ်တဲ့။
အဲဒီလူကခြောက်ပစ်ကင်းတော့မဖြစ်နိုင်ဘူး။ဒါပေမယ့်သူဟာကိုယ့်ကိုနားလည်ပေးလို့ကိုယ့်အမြင်မှာသူဟာ ခြောက်ပစ်ကင်းနေပါတယ်။တစ်ဦးကိုတစ်ဦးနားလည်တယ်ဆိုတာဘာလဲ...?
ကိုယ်ရှုံးနိမ့်နေချိန်မှာကိုယ်အကျင့်သိက္ခာကိုထိပါးတဲ့စကားမပြောသူ ကိုယ်စိတ်ညစ်နေချိန်မှာအသေးအမွှား ကိစ္စတစ်ခုအတွက်နဲ့ကိုယ့်ကိုရန်မရှာတတ်သူ မိုင်ပေါင်းထောင်ချီဝေးနေလည်းကိုယ့်ကို
ယုံကြည်စိတ်ချသူ.....ကိုယ်စိတ်ရှုပ်ချိန်မှာသူစိတ်ရှုပ်တာတွေကိုရင်မဖွင့်ပြတတ်တဲ့သူ....
ကိုယ်ပျော်နေချိန်မှာသူပျော်ရွှင်တာတွေကိုထုတ်ဖော်ပြောတတ်တဲ့သူ ......တစ်ဦးကိုတစ်ဦးနားလည်နိုင်ဖို့ဆိုတာ
ခွင့်လွတ်ခြင်းတွေရှိရမယ်၊အကြင်နာတွေ  ရှိရမယ်။ 
ကိုယ့်ကိုနားလည်တဲ့လူတစ်ယောက်ကို ရှာဖို့ရာခက်ကောင်းခက်လိုက်မယ်။ ဒါပေမယ့်ကိုယ့်ကိုယ်ကိုယုံကြည်မှုထားရမယ်။  ကိုယ့်ကိုနားလည်တဲ့လူတစ်ယောက်ကိုရှာဖို့
ကိုယ်ကသူ့နားလည်နိုင်တဲ့လူဖြစ်အောင်အရင်ဆုံးလုပ်ရလိမ့်မယ်။



























































 ဒါလား အချစ်
တကယ်လို့အချစ်မှာ အကြောင်းပြချက်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ရည်ရွယ်ချက်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ဖြေရှင်းခွင့်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ဆင်ခြေတွေရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။

အချစ်က ဒဿနတွေနဲ့ မကိုက်ညီဘူး။ ဒါကပဲ အချစ်ရဲ့ဒဿနဖြစ်မယ်ထင်ပါတယ်။

ကိုယ့်ချစ်သူက လူအများသတ်မှတ်ထားတဲ့ ပြီးပြည့်စုံသူ၊ ကိုယ်နဲ့ထိုက်တန်သူ၊
ကိုယ့်အတွက် မှန်ကန်သူ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါပေမယ့် သူဟာကိုယ့်အတွက်
အရာအားလုံးကို မေ့ထားစေနိုင်တဲ့သူ၊ ကိုယ်မချစ်ဘဲ မနေနိုင်စေတဲ့သူဖြစ်တယ်။

အချစ်ခံရလို့ အချစ်ကို အချစ်လို့ခေါ်တာမဟုတ်ဘူး။ ချစ်နေတာကိုက အချစ်ဖြစ်တယ်။
အချစ်မခံရလို့ ကိုယ့်အချစ်တွေ မဆုံးရှုံးသွားနိုင်ဘူး။ အချစ်ကချစ်သူရဲ့
နှလုံးအိမ်ထဲမှာရှိတယ်။ အချစ်ခံသူရဲ့ အကြည့်ထဲမှာရှိတာမဟုတ်ဘူး။

အချစ်က နှလုံးသားထဲမှာပဲရှိတယ်။ နုတ်ခမ်းဖျားမှာရှိတာမဟုတ်ဘူး။
မချစ်လို့ ထုတ်မပြောတာမဟုတ်ဘူး။ ချစ်လွန်းလို့ ထုတ်မပြောတာ။
ချစ်လွန်းလို့ ခံစားရမှာစိုးခဲ့တယ်။ ချစ်လွန်းလို့ ကိုယ်တိုင်ပဲခံစားခဲ့တယ်။
ချစ်လွန်းလို့ အချစ်ကို အလွယ်တကူ ဆုံးရှုံးရတတ်တယ်။

အချစ်က ကြောင်တောင်ကန်းပါ။
ချစ်နေချိန်မှာ တစ်ဘက်သားရဲ့ အားနည်းချက်ကို မမြင်တတ်ကြဘူး။
အားသာချက်ကိုပဲမြင်ပြီး အားသာချက်ဟာ အားသာချက်၊ အားနည်းချက်ဟာလည်း
အားသာချက်ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် လမ်းခွဲချိန်မှာတော့ အမှားဟာ အမှားပဲ၊
အမှန်ဟာလည်း အမှားဖြစ်ကုန်ကြတယ်။

အချစ်က မျက်ရည်ရဲ့စစ်သုံ့ပန်းအဖြစ်မခံဘူး။ ရင်ခုန်ခြင်း၊ သနားကြင်နာခြင်းရဲ့ စစ်သုံ့ပန်းအဖြစ်သာ ခံလိမ့်မယ်။

သဝန်တိုခြင်းက အချစ်ကို သိသာထင်ရှားစေတဲ့အရာ မဟုတ်ဘူး။ အချစ်ရဲ့အရင်းခံက အချင်းချင်းယုံကြည်တာပဲဖြစ်တယ်။
သဝန်တိုခြင်းမှာ သံသယနဲ့ မယုံကြည်တာတွေပါတယ်။

အချစ်မှာ ဘယ်တော့မှမျှတမှုမရှိဘူး။ အချစ်မှာ မျှတမှုတွေရှိလာခဲ့ရင် အဲဒါအချစ်မဟုတ်တော့ဘူး။ ချစ်သူအတွက် အရာရာကို ကိုယ်ပေးဆပ်နိုင်တယ်။
ဒါပေမယ့် ကိုယ့်အတွက်ပေးဆပ်ဖို့ အချစ်ကို မတောင်းဆိုသင့်ဘူး။ ချစ်သူကိုကိုယ်မစွန့်ခွါလို့ရတယ်။ ဒါပေမယ့် ကိုယ့်ကိုချစ်သူစွန့်သွားတဲ့အခါ
အချစ်ကို ရက်စက်တယ်လို့ အပြစ်မဆိုသင့်ဘူး။

အချစ်ကို အဓ္ဓမလုပ်ယူလို့မရသလို ပိုင်စိုးပိုင်နင်းလည်း လုပ်လို့မရဘူး။ အချစ်က နူးညံ့သိမ်မွေ့လွန်းတယ်။ အချစ်ကို လိုချင်ရင်
သူ့ကိုလွတ်လပ်မှုအရင်ပေးပါ။ ကိုယ့်ဆီသူပြန်လာရင် ဒါကိုယ့်ရဲ့အချစ်ဖြစ်တယ်။ တကယ်လို့ ပြန်မလာခဲ့ရင် သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။

ကိုယ်အလျှင်စလို ဖြတ်သန်းခဲ့တဲ့ရှုခင်းက အလှဆုံးဖြစ်တယ်။ ကိုယ့်ကိုနက်နက်ရှိုင်းရှိုင်း နာကျင်စေခဲ့တဲ့အချစ်က အချစ်ဆုံးဖြစ်တယ်။

နှလုံးသားရဲ့ အနာတရအတွက် ကိုယ်တို့မှာ ခံနိုင်ရည်ရှိတယ်။ ကြေမွဆုတ်ပြတ်သွားတဲ့အချစ်ကို ကိုယ်တို့လက်ခံနိုင်တယ်။
ဒါပေမယ့် ချစ်ခဲ့ဖူးတဲ့အတိတ်ကိုမေ့ဖို့ အတိတ်မေ့ဆေးကို ကိုယ်တို့မသောက်ချင်ခဲ့ကြဘူး။

အပြစ်ရှာ၊ ငြင်းခုန်တာတွေက အချစ်ကို တာရှည်ခံစေတဲ့အရာမဟုတ်ဘူး။တစ်ခါတလေမှာ ဆိတ်ဆိတ်နေ၊ သည်းခံတာတွေက အချစ်ရဲ့ရုပ်ပုံမဟုတ်ဘူးဆိုပေမယ့်
ဒါတွေက အချစ်ကို ထာဝစဉ်တည်မြဲစေတဲ့အရာဖြစ်တယ်။

အချစ်က အချစ်နဲ့အချစ်ရဲ့ ဆက်ဆံရေးဖြစ်တယ်။ ခံစားချက်ရဲ့ ပဲ့တင်ဖြစ်တယ်။အချစ်က ရုပ်အဆင်းအင်္ဂါတွေ မတောင်းဆိုဘူး။
နှလုံးသားချင်းထပ်တဲ့ ကြင်နာဖော်ဖြစ်ဖို့ပဲ တောင်းဆိုတယ်။

အချစ်က မကျေနပ်တာတွေကို သည်းခံနိုင်တယ်။ အမုန်းကို လက်ခံနိုင်တယ်။ အချစ်မှာ အကြောင်းတရားမလိုဘူး။ အချစ်မှာ စည်းမျဉ်းမရှိဘူး။
အချစ်က အမှားအမှန် မခွဲခြားဘူး။အချစ်က အရောင်လုံးဝမပြယ်ဘူး။
အချစ်ကို အချစ်နဲ့ ချစ်တတ်ဖို့ပဲလိုခဲ့တယ်











































မိန်းခလေး တယောက်ရဲ. ချစ်သူအပေါ်ထားတဲ့ သဘောထား နဲ. ဖြစ်ချင်တဲ့ဆန္ဒ
(၁) ငါ ငိုနေရင် နင်မှားတယ် ၊ မှန်တယ် ဆိုတာ ထားလိုက်။ ယောက်ကျားလေးပီပီ အရင် လာချော့ပါ.........

(၂) ငါ့ကို ချစ်တယ်လို. ပြောပါ ။ မပြောရင် မချစ်တော့ဘူးလားဆိုပြီး တွေးနေတတ်လို.ပါ.....

(၃) စက္ကန်.တိုင်းမင်းကို သတိရနေမှာ မဟုတ်ပါဘူး ။ မင်းနဲ. အတူတူလောက်ပါပဲ........

(၄) ဒီသီချင်း အရမ်းကောင်းတယ်လို. ပြောတဲ့ အချိန်မှာ စာသားလေးကို သတိထားပြီး နားထောင်ပါ ။သီချင်းစာသားထဲမှာ ငါပြောချင်တဲ့ စကားလေးတွေ ရှိနေလို.ပါ .....

(၅) မင်း ချမ်းသာဖို.မလိုပါဘူး။ ချမ်းသာလာတဲ့သူ ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိရင် လုံလောက်ပါပြီ ။

(၆) တခါတလေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေး ၀တ်လာပါ ..........

(၇) ငါကလည်း အချောဆုံး အလှဆုံး မဟုတ်ပါဘူး ။ ဒါပေမဲ့ ငါ့ကို လှတယ် ၊ ချစ်ဖို.ကောင်းတယ် ၊ နူး ညံ သိမ်မွေ.တယ် လို.ပြောတာ ကြားချင်တာပေါ့ ..........

(၈) ငါ ဆံပင် ပုံဆံပြောင်းတာ ၊ မျက်လုံးအရောင်ချယ်တာ ၊ ဆံပင် အရောင်ပြောင်းတာ ၊ ဖိနပ် အသစ်ဝတ်တာတွေကို မင်းသတိထားမိစေချင်တယ်.....

(9) ငါတို.နှစ်ယောက်ချစ်သူဖြစ်တဲ့ရက် ၊ ထူခြားတဲ့ ရက် ၊ အသိအမှတ်ဖြစ်စေတဲ့ ရက် ၊ မွေးနေ. တွေကို မင်းသိရမယ်.......

(၁၀) ငါ့ရဲ. ကိစ္စ အားလုံးကို မင်းကိုဝေမျှချင်တယ် ၊ ငါဘာကိုလိမ်းထားတယ် ၊ အလှပြင်တဲ့ အကြောင်းပြောရင် နားမလည်ဘူးဆိုတာတောင် နားထောင်စေချင်တယ်.....

(၁၁)ကောင်လေးချောချောတွေ.ရင် ငါလည်းကြည့်ချင်တာပေါ့............

(၁၂) မင်းချောဖို. ၊ ရုပ်ဖြောင့်ဖို. မလိုပါဘူး ။ သန်.နေရင် ကိုယ်စတိုင်နဲ. ကိုယ်နေရင် ကျေနပ်ပါတယ်.....

(၁၃)မင်းမှာဆိုးတဲ့ အပေါင်းအဖေါ်တွေ ရှိရင် ငါမပေါင်း စေချင်ပါဘူး ။ သူတို.လို မင်း ဆိုး မှာ စိုးလို.ပါ....

(၁၄) လျှပ်စစ်ပစ္စည်း တွေ အားလုံးကို မင်း ကျွမ်းကျင်တယ် လို.ငါယူဆထားမယ် ။ ဒါကလည်း မသိရင်တောင် သွားပြင်ဖို. နေရာလေးတော့ လိုက်ပို.ပြီး
အဆင်ပြေအောင်လုပ်ပေးပါဆိုတဲ့ သဘောပါ။တနည်းပြောရရင်အားကိုးတာပေါ့

(၁၅)မင်းဘယ်နေရာမှာ ဘယ်သူနဲ. ဆိုတာတွေကို ဖုန်းဆက်ပြီးပြောပြပါ ။ မင်းရဲ. အရိပ်ကို သိနေချင်ပါတယ် ။ တဆင့်စကားက ကြားရင် မိန်းခလေးဆိုတဲ့ အတိုင်းအားငယ်တယ် ။ စိတ်ဆိုးတတ်တယ် ။ပြီးရင် ၀မ်းနည်းနေမယ်...

(၁၆)ငါ့သူငယ်ချင်းတွေကိုလည်း မင်းလက်ခံနိုင်အောင် ကြိုးစားပါ....

(၁၇)မင်း ဗိုက်ခေါက်ထူတာ ငါမပြောဘူး ။ ဒါပေမဲ့ အရမ်းတော့ မ၀စေနဲ. ။ ငါ့ထက်လည်း မပိန်စေနဲ. ။

(၁၈) စာရေးတာ ၊ ပုံဆွဲတာ ၊ အားကစား တခုခုလုပ်တာ ၊ သီချင်းဆိုတာတို.ကို မင်းတခုခုလောက်တော့ တတ်သင့်တယ် ။ ဂိမ်းကစားတာတော့ မပါဘူး ။ တခုလောက်ကျွမ်းကျင်နေပြီး ကျန်တာတွေကို သိသင့်သလောက်သိရမယ်.

(၁၉) ငါ့ အလုပ်ကို လေးစားရမယ်...

(၂၀)တချို.တွေကို ငါလည်း လုပ်တတ်ပါတယ် ။ ဒါပေမဲ့ မင်း လုပ်ပေးတာကို လိုချင်လို.ပါ .......

(၂၁)ငါ ထမင်းဟင်းချက်ကျွေးရင် စားချည်းပဲ မနေနဲ. ။ ကောင်းတယ်လို တခွန်းလောက်ပြော မှပေါ့...

(၂၂)Shopping ထွက်တာ မိန်းခလေးတွေ ရဲ. သဘာဝပါ ။ ဒါကို အပြစ်မပြောပါနဲ. ။ တခါတလေမှာ ငါ့ကိုခေါ်ပြီး လိုက်ဝယ်ပေးပါ .....

(၂၃)ငါဟာ မိန်းကလေးပီပီ နူးညံ သိမ့်မွေ.တတ်ပေမဲ့ ကိုယ်ပိုင် ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းရှိ ပါတယ်.....

(၂၄)ငါ ထမင်း ချက်ပြီး ရင် ပန်းကန်ဆေးဖို.ပြင်ထားပါ ။ ငါ တံမျက်စည်းလှည်းပြီး ရင် ကြမ်းတိုက်ဖို. ပြင်ထားပါ ....

(၂၅) မင်း အလုပ်ကြိုးစားတာကို ငါသဘောကျတယ် ၊ ဒါပေမဲ့လည်း ငါ့ကိုတော့ အဖေါ်ပြုဦး ....

(၂၆)နှစ်ယောက်သား ချိန်းတွေ.တဲ့ အခါ ငါက ဘယ်သွားမလဲ လို.မေးရင် ကြိုက်တဲ့ နေရာသွားလို. မပြောနဲ. ။ အဒါက အလိုလိုက်တာ မဟုတ်ဘူး ။ ငါနဲ. ချိန်းတွေ.တာကို
စိတ်မပါသလို ငါ ခံစားရလို.ပါ .........

(၂၇)ငါက ပိန်အောင် အစားလျှော.စားမယ်လို. ပြောတဲ့ အခါ ငါလုံးဝ မ၀ ပါဘူး ။ အစားမလျှော့နဲ. ။ မင်းလေးကို ချစ်နေမှာပါ ဆိုတဲ့ စကားကို ကြားချင်တယ်....

(၂၈)မိန်းခလေး သူငယ်ချင်းတွေ နဲ. ရင်းရင်း နှီးနှီး သိပ်မဆက်ဆံပါနဲ.။ ချစ်သူရှိကြောင်းပြောပြီး စည်းလေးတခုနဲ.နေပါ ။ မိန်းခလေး တယောက်ဟာ အရှက် သိက္ခာနဲ.လူလုပ်နေတာပါ ။

(၂၉)ငါ့ မှာ ယောက်ကျားလေး သူငယ်ချင်းတော့ ရှိသင့်တာပေါ့ ။ မိန်းခလေးတွေက အချစ်နဲ. ခင်မင်မှုကို စည်းနဲ. မဟုတ်ပါဘူး ။ တံတိုင်း နဲ. ကို ခြားထားတာပါ ..

(၃၀)ငါကတော့ မင်းနဲ. သိတဲ့ မိန်းကလေးတွေအားလုံးကို အဖွားကြီး ၊ အဒေါ်ကြီး ဒါမှ မဟုတ် ရုပ်ဆိုးတဲ့ ရွယ်တူကောင်မလေးပဲ ဖြစ်စေချင်တယ် ...

(၃၁)မင်း ရဲ. အရင် ရည်းစားတွေ အကြောင်း အားလုံးသိချင်တယ် ။ ဖြစ်နိုင်ရင် အသေးစိတ်ကို သိချင်တာ .....

(၃၂)ငါလည်း ရည်းစားဟောင်း ၊ အချစ်ဦး ၊ ကြိုက်ခဲ့တဲ့ မင်းသား ကိုတော့ တခါတလေ သတိရမိ တာပေါ့ ။ ကလေးတုန်းက မို. သတိရပြီး သဘောကျမိတာပါ ။ အခုကစပြီး နောင်ကို ဆက်ချစ်သွားမှာက မင်းကိုလေ....

(၃၃)ငါတို. တွဲလာတာ ကြာပြီ ဆိုပေမဲ့ မထင်မှတ်တဲ. surprise လေးတော့ မင်းဆီက လိုချင်တာပါပဲ.....

(၃၄)တခါတလေ အိပ်ခါနီး ဖုန်းလေး တချက်ဆက်ပါလား ။ ဖုန်းပြောပြီးမှ အိပ်သွားရတာကိုလည်း ငါတို. ကြည့်နူးစရာပါ ....

(၃၅)လူတွေရှေ.မှာ ငါ့ကို မအော်ပါနဲ.၊ ငါလည်း မင်းကို လေးစားမှာပါ ။ မင်းရဲ. သူငယ်ချင်းရှေ.မှာတောင် မင်းကို မျက်နှာ ပျက်အောင် မလုပ်ပါဘူး .....

(၃၆)ငါလုပ်တာ မှား သွားလို. မင်း ဆုံးမ မယ် ၊ မင်းအော်မယ် ဆိုတာတွေ မျှော်လင့်ပြီး သားပါ ။ အရေးကြီး တာက ပြီး သွား ရင် အနမ်းလေး နဲ. ချော့ပါ........

(၃၇)ငါ့ အတွက် မင်းနဲ. ပြီး ပြည့်စုံ နေပြီ ဆိုပေမဲ့ တခြားသူတွေကတော့ ငါ့ကိုပိုးပန်းနေကြအုံးမှာပဲ ......


(၃၈)ငါစိတ်ဆိုးလို. ငါ့ကို နောက်လာမရှာနဲ. ၊ ဖုန်းမဆက်နဲ.လို. ပြောနေတာက မင်းကို လာရှာခိုင်းတာ ၊ ဖုန်းဆက်ခိုင်းတာပါ ......

(၃၉)ငါမင်းဘေးမှာ ရှိတဲ့ မိန်းခလေးသူငယ်ချင်းတွေ နဲ. နှိုင်းယှဉ်တယ်ဆိုတာက ငါကသူတို.ထက် မင်းကို စိုးမိုးနိုင်တယ် ၊ မင်းကို ရင်ခုန်အောင် ငါပဲလုပ်နိုင်တယ် ။ ငါကလွဲရင်ဘယ်သူ.ကိုမှ မင်း မချစ်နိုင်ဘူးဆိုတာ သိစေချင်လို.ပါ ..

(၄၀)ငါစိတ်ဆိုးရင် ချက်ချင်းချော့ပါ ။ အေးဆေးသွားဖို. အချိန်မပေးပါနဲ. ။ ငါအေးဆေးသွားဖို. အချိန်တွေ မလိုအပ်ဘူး........

(၄၁) ငါကြိုက်တယ် ဆိုတယ်လို. ပြောတဲ့ ပစ္စည်းအားလုံးကို ၀ယ်ပေးစရာမလိုပါဘူး ။ အမှတ်တရဖြစ်စေမဲ့ နေ.တွေမှာ တစ်ခုနှစ်ခု လောက် ၀ယ်ပေးရင် ကျေနပ်ပါတယ်။ မင်းစိတ်ထဲမှာ ငါ့အတွက်ရှိနေတာ သိရရင်လုံလောက်ပါတယ်. .....

(၄၂)ချစ်သူပြောရင် သေချာနားထောင် ၊ ဒီဘက်နားဝင် ဟိုဘက်နားထွက် မလုပ်ပါနဲ. .......

(၄၃)မင်းသူငယ်ချင်းတွေနဲ. သွားပါ။ လည်ပါ။တခါတခါ တော့ ငါလည်း လိုက်ချင်တာပေါ့ ။ မင်းရဲ. သူငယ်ချင်းတွေ အားလုံး ငါဟာမင်းချစ်သူပါဆိုတာ သိစေချင်တယ်လေ

(၄၄)ငါ မင်းကို ရစ်နေတယ် ၊ ရှုပ်နေတယ်ဆိုတာ မင်းကို ပိုဂရုစိုက် စေချင်လို.ပါ..........

(၄၅)မင်းရဲ. မိဘရှေ.မှာ ငါအိမ်အလုပ်မလုပ်တတ်ဘူးလို. မပြောပါနဲ. ။ လုပ်တတ်တယ်လို.လည်း မပြောပါနဲ. ...
1.5 MB
1.8 MB
1.1 MB
1.1 MB
အချစ်အက္ခရာ A to Z (မင်းဟိန်းထက်)
Accept (လက်ခံသည်)
"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး" သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။

Belief (ယုံကြည်ခြင်း)
အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ
လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

Care (ဂရုစိုက်ခြင်း)
တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ "အလုပ်ပင်ပန်းလား?"ဆိုတဲ့ ဂရုစိုက်တဲ့
အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်... အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်"ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက
တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကိုနွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။

Devoted (သစ္စာခိုင်မြဲသည်)
လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ
အဆုံးသတ်ရတတ်တယ်။

Enjoy (ကျေနပ်စွာခံစားသည်)
တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင် အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ ကြည်နူးခြင်းတွေကိုလည်း
ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ ပျော်ရွှင်မှာဖြစ်တယ်။

Freedom (လွတ်လပ်မှု)
လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့ လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ
ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို မခံစားစေချင်ဘူး။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။

Give (ပေးဆပ်ခြင်း)
အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာမဟုတ်ပါဘူး။
ဒါပေမယ့် မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။

Heart (နှလုံးသား)
အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်၊ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့
ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်လိမ့်မှာ မဟုတ်ပါဘူး။

Independence (မမှီခို၊ အားမကိုးဘူး)
စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ" လို့ပြောတတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။
တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန်ပိုစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။

Jealousy (မနာလို၊ သဝန်တို)
သင့်တင့်တဲ့ မနာလို၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း တစ်ဘက်သားကို ခံစားစေတယ်။ သဝန်တိုဖို့
အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း အဆက်အစပ်မရှိတဲ့ သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ ဖြစ်ပေါ်စေပါတယ်။

Kiss (အနမ်း)
အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။ ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့်တိုသင့်ပါဘူး။

Love (ချစ်တယ်)
ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက် အရာရာပေးဆပ်ရဲပါတယ်။ "ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းက
တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို နွေးထွေးကြည်နူးစေပါတယ်။

Mature (ရင့်ကျက်)
တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ? အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ
များနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ အဆင်ခြေမရှိ စူစူအောင့်အောင့် မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့် လူရင့်ကျက်ရင် အချစ်လည်းရင့်ကျက်ပြီး လှပတဲ့အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန် ဖူးပွင့်နိုင်မှာဖြစ်တယ်။

Natural (ပင်ကို၊ ပကတိ)
ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး ဟန်ဆောင်နေတတ်ကြတယ်။ အဲဒီအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး
ပေါ်လာတတ်တယ်။ ချစ်စတည်းက ပကတိအတိုင်းချစ်မယ်၊ သဘာဝအတိုင်း ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က ပိုတာရှည်တည်မြဲမှာဖြစ်တယ်။

Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)
တစ်ဘက်သားရဲ့ ဝါသနာ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့် တစ်ဘက်သားကို ပိုနားလည်စေသလို တစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင်
လုပ်နိုင်ပါတယ်။ ဥပမာ- မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင်
လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိကြောင်းတစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။

Protect (ကာကွယ်စောင့်ရှောက်)
ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ သဘာဝပါ။ ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊
မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ လူတွေကြားမှာ သူ့အရှက်မရဖို့၊ ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ်။

Quarter (ခွင့်လွတ်သည်းခံ)
ခွင့်လွတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။ တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့ ခွင့်လွတ်သင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။

Receive (လက်ခံ)
ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စိတ်ပျက်သွားတဲ့အမှုအရာမျိုး၊
စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။ အဲဒီအပြုအမှုတွေက သူ့ကို စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက်
ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရဲ့ အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ်။

Share (မျှဝေ)
တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင်၊ ဝမ်းနည်းခြင်းတွေကို
အတူတကွမျှဝေသင့်ပါတယ်။ ဒါဟာ ဘဝဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး
ဝတ္တရားပဲဖြစ်တယ်။

Tender (နူးညံ့)
အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။ အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။

Understand (နားလည်)
တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီးဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။ တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး
တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ်။

Veracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း)
အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း ကိုယ့်ချစ်သူကို "အပြောသမား" တစ်ယောက် မဖြစ်စေချင်သလို သူကလည်း
ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချင်းချင်း အချစ်ညာစားသူ မဖြစ်စေချင်ကြပါဘူး။

Wait (စောင့်သည်)
အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့ အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး
ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။

X (အမြှောက်သင်္ကေတ)
ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင် အချစ်ကအလိုလိုနေရင်း အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။

Yield (အလျော့ပေး)
နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။ နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။
နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် "လမ်းခွဲကြရအောင်" ဆိုတဲ့စကားကို အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ
ပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေ ရှာတာဟာ အကောင်းဆုံးဖြစ်တယ်။

Zero (စမှတ်)
အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့ ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ၊ ကြင်နာစက
ခံစားချက်မျိုး၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့ မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို
အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင်၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်။

No comments:

Post a Comment